Wednesday, 23 June 2010

အမေ့ကို ပြောပြချင်တယ်

အမေ့ကို ပြောပြချင်တယ်

ဒီမိုကရေစီ လူ့ အခွင့်ရေးဆိုပြီး အော်ဟစ်
စင်မြင့်အထက်ရဲ့ ရောင်စုံမီးအောက်မှာ
ရွှေရည်စိမ် လောက်ကောင်တချို့
တလူးလူးနဲ့ မြူးတူးနေကြတယ် ၊

အတောင်ပေါက်နေကြတဲ့
ကြွက်သူခိုးတချို့
အဓွန့်ရှည် တော်လှန်ရေးထဲမှာ
ခုန်ပျံကျော်လွှား ပျော်ပါးနေကြတယ် ၊

အမေနဲ့ရွာကို လွမ်းလွန်းလို့
အပြန်လမ်းကို မျှော်နေတဲ့သား
တော်လှန်ရေး ခရီးရှည်ထဲမှာ
သစ္စာတရားတွေ အရည်ပျော်
ရိုးသားမှုတွေ ကစဥ့်ကလျှားနဲ့တပ်ပျက်
အစွယ်ထွက်ပြီး မာန်ဖီသူတွေရဲ့ကြား
ခန္တီစ လက်ကျန်တရားလေးကို
အနိုင်ကျင့်ပြီး အတင်းဖက်
ထွက်နေတဲ့ဒေါသတွေကို
ပြန်မြိုချနေမိတယ် အမေ။
………………… ကျော်စွာလင်း (ရိုးမ)

Thursday, 3 June 2010

လာမဆွနဲ့

လာမဆွနဲ့

အရောတဝင်

ခင်မင်သီးခံ

မာန်ကိုလျော့ချ

အပြုံးလှခဲ့လေသမျှ

ဒေါသနဲ့တုန့်ပြန်

အစွယ်လှန်ပြီး

မာန်ဖီကြတယ်…

ဒီမှာ

အမုန်းမလိုချင်လို့

အပြုံးဆင်တာ

အားနာတတ်လို့

သီးခံပြတာ

ဟေ့ … မာနကို လာမဆွနဲ့

ငါ .. စောက်ရူးမဟုတ်ဘူးကွ …

ကျော်စွာလင်း (ရိုးမ)

၀၉.၀၈.၂၀၀၈